မစိုးရိမ်သမိုင်း

 မစိုးရိမ်ကျောင်းတိုက် ဖြစ်ပေါ်လာပုံ သမိုင်း

ပထမကမ္ဘာစစ်ကြီး ဖြစ်ကာနီး ရန်ကုန်ဆိပ်ကမ်းမှာ ဂျာမန်ကုန်သည်တစ်ဦးဟာ သင်္ဘောကြီး တစ်စင်းအပြည့် ” ဆား “တွေ တင်လာတယ်။စစ်ဖြစ်ကာနီးကျ ဂျာမနီအစိုးရက ဂျာမန်နိုင်ငံသားအားလုံးကို ရန်သူအင်္ဂလိပ်ပိုင် ကိုလိုနီတွေကနေ ပြန်လာဖို့ ခေါ်နေပြီ။အင်္ဂလိပ်တွေကလည်း သူ့ပိုင်နက်ထဲက ဂျာမန်တွေကို ဝက်အူချောင်းလုပ်စားပစ်ချင်နေကြပြီ။ ဒီတော့ ဂျာမန်ကုန်သည်ကြီးဟာ သူ့ဆားတွေ စင်းလုံးပြတ်ဝယ်နိုင်မယ့် သူ‌ဌေး လိုက်ရှာတယ်။

အဲ့ဒီမှာ မန္တလေးကနေ ရန်ကုန်ကို ရောက်နေတဲ့ လက်ဖက်သူ‌ဌေး ဦးကျော် နဲ့ သွားချိတ်မိတယ်။ ဂျာမန်က ဦးကျော်ကို ဆားဖိုးကို ‌အင်္ဂလိပ်ငွေတွေ မချေပါနဲ့ ‌ရွှေ နဲ့ ချေပါတဲ့။ဦးကျော်မှာလည်း အဲ့ဒီလောက်ရွှေက မရှိ။ နောက်တော့ ဂျာမန်လည်း ရှိသလောက် ရွှေပဲပေးဗျာဆိုပြီး ဦးကျော်လက်ထဲ ဆားပြည့်ပါတဲ့ သင်္ဘောတစ်စီးစာ ထားခဲ့တော့တယ်။ဦးကျော် ရတဲ့ ဆားတွေက မန္တလေး ဒေးဝန်းမှာ ဆယ်ခန်းဂိုထောင်ကြီးနဲ့ အပြည့်ပဲ။

နယ်တွေကို အကြာကြီးရောင်းစားတာတောင် မကုန်နိုင်ဘူးတဲ့။ပထမကမ္ဘာစစ်ကြီး ကောင်းမှူ့အကြောင်းပြုပြီး သူဌေးဦးကျော် စီးပွားက တက်သထက် တက်လာတယ်။ဒီတော့ သံဃာတွေ စာသင်ဖို့ စာသင်တိုက်ကြီးတစ်ခု လှူဖို့ လုပ်တယ်။ဟိုး သီပေါမင်းခေတ်ကနေ အင်္ဂလိပ်ခေတ်ဦးအထိ မြို့ဝန်လုပ်ခဲ့တဲ့ ဦးပေစိဆီက ဥယျာဉ်ကြီးကို ဝယ်လိုက်တယ်။

ဦးပေစိ မြေးကလေး ကျောက်ပေါက်ပြီး နေမကောင်း ဖြစ်တော့ အဲ့ဒီ ဥယျာဉ်ကြီးထဲ သွားထားပြီး ကုမှ မစိုးရိမ်ရတဲ့ အခြေအနေရောက်တာတဲ့။ဒီတော့ ဥယျာဉ်ကြီးကို မစိုးရိမ်ဥယျာဉ်ကြီးလို့ နာမည်ပေးထားလိုက်တယ်။ဒီလိုနဲ့ ‌ဦးကျော် နဲ့ သူ့အဖေ ဦးသက်ရှည်က ဒီဥယျာဉ်ကြီးကို ဝယ် ကျောင်းကြီးဆောက်ပြီး လှူတော့ မစိုးရိမ်ကျောင်းတိုက်ဆိုပြီး ဖြစ်သွားသတဲ့။လူထုဒေါ်အမာ မန္တလေးသူ မန္တလေးသားတွေ

ပထမကမ္ဘာစစ်ကြီး ဖြစ်ကာနီး ရန်ကုန်ဆိပ်ကမ်းမှာ ဂျာမန်ကုန်သည်တစ်ဦးဟာ သင်္ဘောကြီး တစ်စင်းအပြည့် ” ဆား “တွေ တင်လာတယ်။စစ်ဖြစ်ကာနီးကျ ဂျာမနီအစိုးရက ဂျာမန်နိုင်ငံသားအားလုံးကို ရန်သူအင်္ဂလိပ်ပိုင် ကိုလိုနီတွေကနေ ပြန်လာဖို့ ခေါ်နေပြီ။အင်္ဂလိပ်တွေကလည်း သူ့ပိုင်နက်ထဲက ဂျာမန်တွေကို ဝက်အူချောင်းလုပ်စားပစ်ချင်နေကြပြီ။ ဒီတော့ ဂျာမန်ကုန်သည်ကြီးဟာ သူ့ဆားတွေ စင်းလုံးပြတ်ဝယ်နိုင်မယ့် သူ‌ဌေး လိုက်ရှာတယ်။

Comments

Popular posts from this blog

မစိုးရိမ်